မကေသီရဲ့ အဖော်မွန်

Posted on

လှေခါးထိပ်ကနေ ကွေ့လိုက်သည် နှင့် စက္ကူပုံးကြီး တပုံးရှေ့မှာ ချလို့ ရပ်နေကြသော အဝါရောင် ယူနီဖောင်းဝတ် ကောင် လေးတယောက် နှင့် ကောင်မလေး တယောက်ကို လှမ်းမြင်လိုက်ရ၍ ကေသီ စိတ်သက်သာသွားရသည်။ ကြည့်ရတာ သူ တို့ ရောက်ခါစပင် ရှိသေးပုံရသည်။ တချိန်တည်းမှာပင် ရင်ထဲမှာ ထိတ်ကနဲ လည်း ဖြစ်သွားသည်။ ကောင်လေးနှင့် ကောင်မလေးက ကေသီ့ မောင်ဝမ်းကွဲ၊ ညီမ ဝမ်းကွဲလေးတွေ နှင့် ရွယ်တူလောက် ရှိလိမ့်မည်ကို သတိ ထား လိုက်မိတော့ မျက် နှာ နည်းနည်း ပူချင်လာသည်။ မှာလိုက်တာ မှားပြီလားဟု တွေး လိုက်မိပါသည်။ ဒါပေမယ့် မှာ ပြီးသား၊ ငွေချေပြီးသား၊ ကေသီ့ အခန်းဝမှာလည်း ရောက်နေပြီဆိုတော့ ခုချိန်မှ တော့ နောက်ဆုတ်လို့ မဖြစ်နိုင်တော့ပါ။ အဲဒီနေ့က မမနီ အပြောကောင်းတာလဲ ဖြစ်နိုင်ပါသည်။ ကေသီ ဘီယာသောက်တာ နည်းနည်းများသွားတာလည်း ဖြစ်နိုင် ပါသည်။ ဒါပေမယ့် မမနီပေးသော နံပါတ်ကို ချက်ချင်း ဖုန်းခေါ်မိတာ၊ မဆိုင်းမတွ ငွေလွှဲလိုက်မိတာက မူးတာထက် တော့ ပိုသွားသည်ဟု ထင်မိသည်။

ရောက်တာ ကြာပြီလား၊ တို့လဲ ပြေးလာတာလမ်း ပိတ်နေလို့ “မကေသီနော်” “ဟုတ်ပါတယ်။” “သမီးတို့ ဖြတ်ပိုင်းကြည့်လို့ရမလား၊ အမဆီကို လှမ်းပို့ထားတာလေ။” “အော် ..အေးအေး” ငြိမ်သက်စွာ ရပ်နေသည့် ကောင်လေးကို မျက်လုံးချင်း မဆုံမိအောင် သတိထားရင်း ကေသီက ဖုန်းကို ဖွင့်၍ ကုမ္ပဏီက ပြန်ပို့ထားသည့် မက်ဆေ့ ကို ပြလိုက်သည်။ “ဟုတ်ကဲ့ ရပါပြီ အမ၊ တခါထဲ ဆင်ပေးရမယ် မဟုတ်လား၊ ဘယ်မှာထားမှာလဲ။” အခန်းတံခါးကို ကဗျာကယာဖွင့်၍ ကုတင်ဘေးမှာ မနက်တုန်းက ရှင်းထားသည့် နေရာကို ပြလိုက်သည်။ သူတို့ နှစ် ယောက်က စက္ကူပုံးကြီးကို မ ပြီး ကေသီနောက်က လိုက်လာကြသည်။ “ရမလား၊ ဒီနေရာက” “တပေခွဲကျန်ရင် ရပါတယ် အမ” ရောက်ကထဲက နှုတ်ဆိတ်နေသော ကောင်လေးက ဝင်ဖြေသည်။ ကေသီ မလုံမလဲ နှင့် ခိုးကြည့်မိတော့ ကောင်လေး အမူ အရာက အေးအေးဆေးဆေး ပင်ရှိသည်။ သူ့မျက်နှာပေါ်မှာ လှောင်ပြောင် သရော်လိုသည့် အရိပ်အယောင် စူးစမ်းသည့် အရိပ်အငွေ့တွေ မတွေ့ရပါ။ နိစ္စဒူဝ ကြုံနေကျဆိုတော့ ရိုးနေတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကျောပိုး အိတ်ထဲက ခေါက်ဓားတချောင်းကို ထုတ်၍ ကောင်လေးက ပုံးကို ဖောက်သည်။ အခန်းကျဉ်းလေးထဲမှာ လူ ၃ ယောက် စက္ကူပုံး တပုံး နှင့် ပြည့်သွားသည်။

ကောင်မလေးက ကေသီ့ဖက် ကို လှည့်ကြည့်ရင်း “အမ အခန်းက အနေတော်ပဲ၊ တလ ဘယ်လောက်ပေးရလဲ အမ” “၆သိန်း” “သမီး တို့နေတာကတော့ ၇သိန်းခွဲ ပေးရတယ်။ ဒီထက်တော့ နည်းနည်းကျယ်တယ်။ ဒါပေမယ့် သမီးက ညီမလေးနဲ့ ၂ ယောက်နေတာလေ” “မဆိုးပါဘူး။ တယောက်ကို ၃သိန်းကျော်လောက် ပဲ ကျတာပေါ့” ရန်ကုန်က ခိုအိမ်လို အခန်းကျဉ်းလေးတွေထဲမှာ နေကြသူချင်း ဒီလိုပဲ ပြောဖြစ်တတ်ကြပါသည်။ ကေသီလည်း မျက်နှာ ပူ သလို စိတ်ကျဉ်းကြပ်သလို ခံစားချက်နည်းနည်းရော့သွားသည်။ တဖက်မှာလည်း လူတကာ ဝယ်နေသည့် ပစ္စည်းတခု အတွက် စိတ်ထဲမှာ ဒီလောက်မထားသင့်ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်ရ၏။ ပစ္စည်း အစိတ်အပိုင်းတွေကလည်း ဆင်ရတာလွယ်ကူမည့် ပုံရှိသည်။ ကောင်လေးကလည်း လုပ်နေကျ ကျွမ်းကျင်နေ ပုံ ရသည်။ ခနလေး နှင့် ပင် ပုံပေါ်လာ၏။ မျက်နှာပူ တာနည်းနည်းလျော့သွားသည့် ကေသီက ထမင်းစား စားပွဲဘေးက တလုံး တည်းသော ပုလပ်စတစ် ကုလားထိုင်လေးကို ကောင်မလေး ကိုချပေးပြီး သူလည်းကုတင် စွန်းမှာ ဝင်ထိုင်လိုက် သည်။ “ရတယ် အမ ပြီးတော့မယ်။ မထိုင်တော့ပါဘူး။” ကောင်မလေး ပြောတာ ဟုတ်ပါသည်။ အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်သည့် ဘီးတဘီးတည်းပါသော စက်ဘီးလေး ကို အင်္ဂါ စုံစွာ မြင်လာရပြီ ဖြစ်သည်။

လက်ကိုင် ၂ခုကြားက ဘုတ်ပြားလေး တပ်လိုက်ပြီးသည် နှင့် ကောင်လေးက ထရပ်လိုက်ပြီး သူ့ ကိရိ ယာတွေကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ “အမ သုံးဖူးသလား” “ဟင့်အင်း” ပြန်ဖြေလိုက်သည့် ကေသီ့ အသံက ခြောက်ကပ် အက်ကွဲနေသည်။ “ကဲ … ပြီးရင်လည်း နင် အပြင်ထွက်တော့၊ အောက်ကပဲ စောင့်ချင်စောင့်” မျက်နှာတည်တည် နှင့် ကောင်မလေးက ပြောလိုက်တော့ ကောင်လေးက တချက်ပြုံးပြီး သူ့အိတ်လေးဆွဲကာ ပြန်ထွက် သွားသည်။ ကေသီ့ကို နှုတ်ဆက် ပြုံးလို့ ယူဆနိုင်ပေမယ့် နဂိုထဲက စိတ်မလုံသည့် ကေသီ့ မျက်နှာလေး ပူရှိန်းသွား ရ သည်။ ကောင်လေး အပြင်ရောက်တော့မှ ကောင်မလေးက တံခါးကို သွားပိတ်လိုက်ပြီး စက်ဘီးဘေးကို တိုးဝင်လာ သည်။ ကေသီလည်း သေသေချာချာ မြင်ရအောင် ကုတင် အလယ်ပိုင်းလောက်ကို တိုးထိုင်လိုက်သည်။ စက်ဘီးဆိုပေမယ့် လက်ကိုင်အောက်က ဘီးတဘီးသာ ရှိပြီး ထောက်လို အပြား ကြီး ၂ ခုဖြင့် မယိုင်လဲ အောင်အောက် က ထိန်းထားသည်။ ကောင်မလေးက ထိုင်ခုံ အောက်ကအံလေးတခုကို ဖွင့်၍ ပလပ်ကြိုးတချောင်း ထုတ်ပြသည်။ “စာအုပ်ထဲမှာလဲ လမ်းညွှန်ပါပါတယ် အမ၊ ဒါက အားသွင်းဖို့ပါ။ ပုံမှန် နင်းပေးနေရင်တော့ သူ့ဟာသူ ဘက်ထရီက ချာ ဂျင် ဝင်နေပြီး သတ်သတ် အားသွင်းစရာမလိုပါဘူး။

အမ က လနဲ့ ချီ ပြီး ပစ်ထားမိတယ် ဆိုရင်တော့ မစီးခင် ၁ နာရီ ၂ နာရီ လောက် ကြိုအားသွင်းထားလိုက်ရင် အလုပ်လုပ်ပါတယ်။” ပုံးထဲက ပလပ်စတ်အိတ် နှင့် ထုပ်ထားသည့် မန်နူရယ် စာအုပ်နှင့် စာရွက်တွေကို ကုတင်ပေါ်ချပေးရင်း ကောင် မလေးက ပြောသည်။ သူ့လေသံက စောစောက အာလာပ သလာပ ပြောတုန်းကလို မဟုတ်ဘဲ စာရွတ်သလို ဖြစ်သွားသည်ကို ကေသီ သတိပြုမိသည်။ “ဒါ ပါဝါ ခလုတ်ပါ ” လက်ကိုင် ၂ ခုကြားက တပေလောက်ကျယ်မည့် မှန်ပြင် အောက်နားကို နှိပ်ပြရင်းပြောသည်။ ကုမ္ပဏီ အမည် နှင့်တခြား စာတန်းများ ပေါ်လာသည်။ ခန ကြာတော့ ဘာသာစကားရွေးဖို့ ပေါ်လာသည်။ “မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးမျိုးရပါတယ်။ အမ ဘယ်ဟာထားချင်သလဲ” “အင်း …အင်း..ဂလိပ်” “အမ နာမည် က ကေအေဝိုင် တီအိတ်ချ်အိုင် လို့ပေါင်းတာလား” “ဟုတ်… ဟုတ်တယ်။” ကေသီ ရေငတ်သလို အာခေါင်တွေ ခြောက်နေသည်။ ရင်တွေလည်း တဒိုင်းဒိုင်း ခုန်နေ၏။ ကောင်မလေးကတော့ ကေသီ့ ဖက်ကို လှည့်တောင် မကြည့်ဘဲ သူလုပ်စရာ ရှိတာလုပ်နေသည်။ “ရပြီ၊ အမ ဒီဖက် လက်ကိုင်ကို ခန ကိုင်ထားပါ။” ကုတင်နှင့် စက်ဘီးကြားထဲကို ကပ်ကပ်သပ်သပ်တိုးဝင်ပြီး ဘယ်ဖက်က လက်ကိုင်ကို ခပ်တင်းတင်း ဆုပ်လိုက်သည်။

စိတ် ထဲမှာ ချော်နေသည်ဟု ထင်မိတာကြောင့် ပြန်လွှတ်ပြီး လက်ကို တင်ပါး နှင့် ပွတ်လိုက်ရသေးသည်။ မျက်နှာမှာလည်း ချွေးတွေ ပြန်လာမှန်း ကေသီသိနေ၏။ “ဟုတ်ပြီ၊ ပြန်လွှတ်လို့ ရပြီ အမ၊ လက်ဗွေကို မှတ်ထားလိုက်ပြီ ဆိုတော့ အမတယောက်ပဲ ဖန်ရှင်တွေ အကုန်သုံးလို့ရမယ်။ တခြားလူတက်ထိုင်လည်း နင်းရုံ သက်သက်ပဲ ရမယ်။ ဒီမှာ ကြည့် အမ၊ ဒါက မန်မိုရီ ၅၀၀ ဂစ်ပါတယ်။ မန်မိုရီ ကဒ် ထပ် စိုက်လည်းရတယ်။” ကောင်မလေးက မှန်ပြင်ဘေးက အံလေးတခုကို တွန်းဖွင့်၍ ကဒ်စိုက်ရမည့် နေရာပြသည်။ “လောလောဆယ်တော့ ကုမ္ပဏီက တခါတည်း ထည့်ပေးလိုက်တဲ့ ရုပ်ရှင်တွေ သီချင်းတွေ ပါတယ်။ အမ မကြိုက်လဲ ဖျက် ပစ်လို့ ထပ်ထည့်လို့ရတယ်။ ဒီထောင့်မှာ ကြည့်လိုက်အမ” သူပြသည့် ညာဖက် အောက်နားကို ကေသီကြည့်လိုက်မိသည်။ အမ ခြေနင်း ကို စနင်းတာနဲ့ စပိ ရယ် အကွာအ‌ဝေ◌း ရယ် တက်လာလိမ့်မယ်။ ဒီဖက် “ပလပ်စ်ရှာမုတ်” က…” ကောင်မလေးက ခနရပ်ပြီး စက္ကူပုံးကြီးထဲက နောက်ထပ် ဘူးတဘူး ကို ထုတ်လိုက်သည်။ ကေသီ ခြေဖျား လက်ဖျားတွေ အေးလာ၏။ “ပလပ်စ်ရှာ”မုတ် ကို ရွေးလိုက်ရင် ထိုင်ခုံ အောက်က ငုတ်လေးတခု ထွက်လာမယ်။” သူပြောသလိုပင် ထိုင်ခုံရှေ့ပိုင်းက ငုတ်တခု အပေါ်ကို ထိုးထွက်လာသည်။

ကောင်မလေးက စက္ကူဘူးကို အပြင်က ပတ် ထားသည့် ပလပ်စတစ်တွေကို လက်သည်းနှင့် ထိုးဖောက်ခွာရင်း အနိမ့်အမြင့် အတက်အကျ မရှိသည့် စာရွတ်သလို အသံမျိုးဖြင့် ဆက်ရှင်းပြ၏။ “အထဲမှာ ၄ လက်မ က စပြီး ၅၊ ၆၊ ၇၊ ၈ ငါးချောင်းပါပါတယ်ရှင့် ၊ အဲဒါကို ဒီလို” ဗူးထဲက ထွက်လာသော ပန်းရောင် အချောင်းကြီးကို ကေသီ ပါးစပ် အဟောင်းသား နှင့် ကြောင်ငေးကြည့်နေမိသည်။ ကောင်မလေးကတော့ ဘာမှ မထူးခြားသလိုပင် အဲဒါကြီးကို စောစောက ငုတ်ထိပ်မှာ စွပ်ပြီး လှည့်လိုက်ရာ ထပ်ကနဲ အသံ မြည်သွားသည်။ “အသံမြည်မှ သူက အံကျတယ်။ အသံမကြားရရင်တော့ ပြန်ဖြုတ်ပြီး ပြန်တပ်ပါ။ ဂျယ်သုံးချင်ရင်လည်း ဒီဘူးထဲမှာပါ ပါတယ်။ ကုန်သွားရင် အပြင်မှာ ဝယ်လို့လည်း ရပါတယ်။ သမီးတို့ ဆီကို မှာရင်လည်း ၂ ဘူးအထက်ဆို ပို့ပေးပါတယ်။ ပြန်ဖြုတ်ရင်လည်း ခုနနဲ့ ပြောင်းပြန် လှည့်လိုက်ရင် ပြုတ်ထွက်သွားပါလိမ့်မယ်။ ပြီးရင် “သာမာန်မုတ်” ကို ပြန်ရွေးလိုက်ရင် ဒါက ပြန်ဝင်သွားပါမယ် ရှင့်။” “ဟို ..ဟိုလေ … သုံးတော့ ..သုံးတော့” “အမ တက်ထိုင်ပြီး နင်းလိုက်ရုံပဲလေ။ အမ နင်းတဲ့ အရှိန်ကို လိုက်ပြီး သူက လှုပ်မှာပါ။ အော် မေ့နေလို့” ကောင်မလေးက နောက်ထပ် ဘူးသေးတခု ဆွဲထုတ်ပြီး ဖွင့်လိုက်ပြန်သည်။ အထဲက နားကျပ်တခု ထွက်လာသည်။

နောက်ပြီးတော့ ကြိုးရှည်ရှည် နှင့်တွဲထားသော အမဲရောင် လေစုပ်ခွက် ခပ်သေးသေး နှစ်ခု။ “ဒီဘေးက အစိမ်းရောင် အပေါက်က နားကြပ် အတွက်ပါ၊ သီချင်းနားထောင်ဖို့ ရုပ်ရှင်ကြည့်ဖို့ သုံးလို့ ရပါတယ်။ အပြာ ရောင်က စုပ်ခွက် အတွက်ပါရှင့်။ စုပ်ခွက်က အတွင်း ဖက်ကို ဂျယ်နည်းနည်း ပွတ်ပြီး သုံးရင် ပိုကောင်းပါတယ်။ နို့သီး ခေါင်းမှာ တပ်ပြီး ထိပ်က ဖုလေးကို ညှစ်လိုက်ရင် သူ့ အလိုလို စုပ်သွားပါလိမ့်မယ် ရှင့်။ မသုံးလည်း ရပေမယ့် ဒါတပ် ထားရင် အခြေအနေကို မော်နီတာ လုပ်နိုင်တာကြောင့် တပ်ဖြစ်အောင် တပ်ဖို့တော့ ကုမ္ပဏီက အကြံပြုထားပါတယ်။ အမ သိချင်တာ များ ရှိပါသေးလား။” “မ ..မ ..မရှိတော့ပါဘူး။” လိုအပ်ရင် မမနီ ဆီ ဖုန်းဆက် မေးလို့ ရနိုင်ပါသည်။ “ဒါဆို သမီးကို ခွင့်ပြုပါဦး ရှင့်၊ အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီပုံးခွံ သမီးယူသွားပြီး အမှိုက်ပုံးထဲ ထည့်ပေးရ မလား။” ကေသီခေါင်း ညိတ်ပြလိုက်တော့ ကောင်မလေးက ပုံးခွံကြီးကို ခြေနှင့် နင်း၍ ပြားချပ်သွားအောင် ခေါက်ယူပြီး အခန်ထဲက ထွက်သွားသည်။ သူ့ကို တံခါး အဖွင့် အပိတ် လိုက်လုပ်ပေးသည့် အချိန်မှာ ကေသီ ခြေတွေ လက်တွေ တုန်နေသည်။ တံ ခါးဝကနေ ကုတင်ဆီကို လျှောက်လာရင်း ဒူးတွေ ချောင်သလို ဖြစ်နေသည်ကို ခံစားရသည်။

အထူးသဖြင့် ကိုယ် အောက် ပိုင်း တနေရာက ခံစားချက်တခုက ကေသီ့ကို ဒုက္ခပေးနေသည်။ ခုနက ကောင်မလေး ရှေ့မှာ ခပ်တည်တည်နှင့် ဟန်လုပ်နေခဲ့ရပေမယ့် ဒါက ကေသီမကြုံဖူးသေးသည့် အကြောင်းတခု ဖြစ်ပါ သည်။ အရွယ်ရောက်စကထဲက ကေသီ့ကို ရံဖန်ရံခါ ဒုက္ခပေးတတ်သည့် ခံစားချက်တခုက အခု အချိန်မှာ အပြင်း ထန်ဆုံး အရှိန်ဖြင့် ထိုးနှက်နေသည်။ တလှိုက်လှိုက်မောနေသောရင်ကို လက်နှင့် အသာဖိရင်း အိပ်ရာပေါ်သို့ ကေသီ အ ရုပ်ကြိုးပြတ်လဲကျသွားသည်။ “အဲဒါ ငါရှည်တာ၊ ငါ ဆတ်ဆော့တာ၊ ရှာရှည်မိတာ၊ အောင်မယ်လေး ရှက်လိုက်တာ၊ ဒီကလေးတွေ နောက်တခါလမ်းမှာ တွေ့ရင်တော့ ဒုက္ခပဲ” မွေ့ယာကို လက်သီးဆုပ်ဖြင့် အဆက်မပြတ်ထုရင်း ကေသီ တတွတ်တွတ် ပြောနေမိသည်။ အမှန်အတိုင်းပြောရလျှင် ပေါင်ကြားသို့ ရောက်သွားတော့မည့် လက် နှင့် စိတ်ကို ထိန်းနေမိခြင်း ဖြစ်သည်။ ငိုလည်း ငိုချင်သလို ဖြစ်လာသည်။ “ကိုယ့် ဟာကို လက်နဲ့လဲ အဆင်ပြေနေတာကို၊ ငါ့နှယ်နော်” အဲဒီနေ့က ဘီယာ နည်းနည်းများသွားတာတော့ မှတ်မိသည်။ ရုံးသမား ဆိုတော့ အထိုင်များလို့ လေ့ကျင့်ခန်းလေး ဘာ လေး လုပ်ချင်ကြောင်း မမနီ ကို ပြောမိတာ ကလည်း ရိုးရိုးသားသား ပင် ဖြစ်သည်။ ဒါပေမယ့် ဒီစက်ကို ဝယ်ထားဖို့ မမနီ က တိုက်တွန်းတော့ ပြင်းပြင်းထန်ထန် မငြင်းခဲ့မိတာကိုတော့ ခုထိ ကိုယ့်ကိုယ်ကို နားမလည်သေးပါ။

မမနီ သွေးထိုးပေး သည့် အတိုင်း ဖုန်းထဲမှာ ချက်ချင်းလိုက်ရှာပြီး ငွေချေလိုက်မိတာကလည်း တဒင်္ဂ မိုက်မဲမှု သက်သက်လို့ ထင်ပါသည်။ နောက်နေ့တွေမှာ ဒီအကြောင်းကို တွေးမိတိုင်း ရင်တဖိုဖို ဖြစ်ရပေမယ့် ခုလောက်ကြီးတော့ စိတ်မလှုပ်ရှားမိခဲ့ပါ။ မနက် ဖြန်ကျရင် မမနီက တခြားသူတွေကြားထဲမှာ အကျိုးအကြောင်း မေးလာလေမလားလို့ အတွေးဝင်လာတော့ ကေသီ ငေါက်ကနဲ ထထိုင်ပြီး ဖုန်း ကို လှမ်းယူမိသည်။ “ရောက်လာပြီလား ကေသီ” မမနီက ဖုန်းကိုင်လိုက်တာနှင့် တန်းမေးသည်။ “ဟုတ်တယ်” လေးလေးတွဲ့တွဲ့ ကေသီ အဖြေစကားကို မမနီက တမျိုးထင်သွားပါသည်။ “အသံကတော့ လောလော လတ်လတ် စမ်းသပ်ကြည့်ထားတဲ့ အသံမျိုးပဲ။ အဆင်ပြေတယ် မဟုတ်လား” “အာ .. မဟုတ်ပါဘူး။ ခုမှ ရောက်လာပြီး ဆင်လို့ ပြီးတာ ဘယ်လိုလုပ်စမ်းသပ်ရဦးမှာလဲ။ စမ်းလည်း မစမ်းရဲပါဘူး။ ဒီတိုင်း တက်နင်းဖို့တောင် စိတ်ထဲမရဲ ဘူး ဖြစ်နေတယ်။” ဟိုဖက်ကနေ မမနီ ရယ်နေတာ ကို ကေသီကြားရသည်။ “ဘာမှ ကြောက်စရာမလိုဘူး၊ အသေးဆုံးက နေစပြီး စမ်းကြည့်လိုက် ဟားဟား၊ အဆင်ပြေသွားလိမ့်မယ်။ အရှိန်များ သွား ရင်လည်း သူက သတိပေးလိမ့်မယ်။ တို့လဲ စစချင်း တော့ ကြောက်တာပဲ၊ ဒါပေမယ့် ခနလေးပါပဲ။ ချက်ချင်း အဆင်ပြေ သွားလိမ့်မယ်။ နောက်တော့ အားတာနဲ့ တက်ထိုင်မိရော၊ ယောက်ျားရပြီးတာတောင် တခါတလေ တက်နင်းမိသေး တယ်။ ဆက်သာလုပ်ညီမလေး။

မမနီ ဖုန်းချသွားတာကြောင့် ကေသီ ဘာမှပြန်မပြောလိုက်ရ။ ဟိုတရက်ကလို ဘီယာမူးနေရင်တော့ မမနီ နှင့် ဒီ အ ကြောင်းတွေကို တခုခုတော့ အချေအတင်ပြောဖြစ်လိမ့်မည် ထင်သည်။ အခုကတော့ ဘာတွေပြောရ မေးရမလဲ ဆိုတာ ကိုတောင် ကေသီ မသိပါ။ မမနီက မြှောက်ပေးတော့ ကေသီ့ဖက်က ပြတ်ပြတ်သား သား မငြင်းဆန်နိုင်ခဲ့ပါ။ တခါတလေ ပေါ်လာတတ်သည့် စိတ် ဆန္ဒတွေကို ချွန်းအုပ်ရတာ ဘယ်လောက်ခက်ကြောင်း မသိစိတ် က သိနေသောကြောင့် ဖြစ်မည် ထင်သည်။ အမှန် အတိုင်းပြောရရင် မမနီ ကိုယ်တိုင်တောင် မသိပေမယ့် မမနီဆီက ကေ သီ တိတ်တခိုး သင်ယူခဲ့မိတာ တွေအများကြီး ရှိသည်။ အသွေးအသားကြောင့် ဖြစ်ရသည့် စိတ်ဆန္ဓကို မလိုအပ်ဘဲ တရားလွန် ထိန်းချုပ်ခြင်းက မကောင်း ဆိုသည့် အတွေးကို မမနီကြောင့် ကေသီရခဲ့သည်။ “တချို့ အပျိုကြီးတွေ ဂေါက်ကုန်ကြတဲ့ အထဲမှာ အဲဒါကြောင့် အများကြီးပါတယ်။ တချို့က မတရားထိန်းလွန်းတယ်။ အဲဒီ စိတ်ကို ဖိလွန်းရင် ထိန်းမနိုင်သိမ်းမရ နသိုးကြိုးပြတ် ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် ဂေါက်ကရော၊ လိုချင်လွန်းလို့ အစွန်းရောက်ပြီး ဂေါက် တာတွေလဲ ရှိတာပေါ့လေ။ အဲဒါကို လူတွေက လင်တရူး ဆိုပြီး အကုန်သိမ်းကျုံး ထင်နေကြတာ၊ အမှန်က မတူ ဘူး။

ဒါပေမယ့် သဘာဝကို လက်ခံရင် တသက်လုံး အပျိုကြီး လုပ်လည်း အမေပေးတဲ့ လယ်တကွက်ကြောင့် ပြဿနာ ဖြစ် မှာမဟုတ်ဘူး။” ဟု မမနီက ကေသီတို့ကို ပို့ချခဲ့သည်။ ထို့ကြောင့် သဘာဝတရားကို လက်ခံဖို့ ကေသီဆုံး ဖြတ်ခဲ့သည်။ အရင်က အမှတ်တမဲ့လိုလို ကိုယ့်ကိုယ်ကို ညာရင်း လက်နဲ့ မထိတထိပွတ်၍ စိတ်ဖြေမှုမျိုး ရှိခဲ့ ဖူးပေမယ့် မမနီနှင့် ပေါင်းမိ ပြီးနောက်မှာ စိတ်ရှင်းရှင်းနှင့် အချိန်ယူလုပ်တတ်လာသည်။ အိမ်ထောင်သည် တယောက် ဖြစ်သည့် မမနီက ပွင့်လင်း သည်။ ကေသီတို့လို အငယ်တွေကို သူ့အတွေ့ အကြုံ သူ့ခံစားမှုတွေ အကြောင်း ဘွင်းဘွင်းရှင်းရှင်း ပင်ပြောပြတတ်သည်။ တချို့ မိန်းကလေး တွေက မမနီကို သူတို့ ကိစ္စတွေ ပြောဆို အကြံတောင်းကြတာကို ဘေးကနေ နားထောင်ရင်း ကေသီ လည်း အဆင့်တွေ တက်လာခဲ့ရသည်။ အခုဆိုရင် တပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ အိပ်ယာပေါ်မှာ ဒါမှမ ဟုတ်ရေချိုးခန်းထဲမှာ ကိုယ်လုံးတီးနှင့် စိတ်လွတ်လက်လွတ် ကျကျနန အာသာဖြေမိသည့် အခြေအနေသို့ ကေသီရောက် လာသည်။ လုပ်ဖော်ကိုင်ဖက် အချို့၊ သူငယ်ချင်း အချို့က ကျးအင်္ဂါ အတုတွေ သုံးကြကြောင်း ရိပ်မိသိရှိနေပေမယ့် အဲဒီ လောက် အထိတော့ ကေသီ အဆင့် မတက်ရဲသေးပါ။ဒါပေမယ့် အခုတော့လည်း စိတ်လိုက်မာန်ပါ မှာမိခဲ့သည့် စက်တလုံးက အိပ်ရာဘေးတွင် ရောက်နေပြီ ဖြစ်သည်။ ကေသီ ဒယီးဒယိုင်ဖြင့် အိပ်ယာမှ ကျုံးထလိုက်ပြီး အသက်ကို ပြင်းပြင်း တချက်ရှုလိုက်၍ စက်ကို ပါဝါဖွင့်လိုက်သည်။

ထို့နောက် တုန်ရီသော လက်တွေနှင့် ဟိုကောင်မလေး ပြထားသည့် အတိုင်း လက်ကိုင်ကို ချွေးစိုနေသောလက်များဖြင့် တင်းတင်း ကိုင်လိုက်ချိန်တွင် မှန်ပြင်၌ “ဝဲကမ်းတူ မကေသီ” ဆိုသည့် စာသားပေါ်လာ၏။ အလန့်တကြားဖြင့် လက်ကိုပြန် လွှတ်လိုက်ပြီး ကေသီတွေတွေလေး ရပ်နေမိ၏။ မျက်စိကို မှိတ်၍ ချည်တုံ ချတုံ ဖြစ်နေရင်း “ချက်ချင်း အဆင်ပြေသွားမှာ ပါ” ဆိုသော မမနီစကားကို ပြန်ကြားယောင်မိသည့် အခါ လက်က အလိုလို အင်္ကျ ီဇစ်ဆီသို့ ရောက်သွားသည်။ “ဘာမှ မတွေးတော့ဘူး။” စိတ်မရှည်သလို ဆောင့်ကြီး အောင့်ကြီးပြောလိုက်ရင်း ဇစ်ကို ဆွဲဖြုတ်လိုက်မိ၏။ ထိုနောက် ရှီကနဲ အသံရှည်တခုနှင့် အတူ ကေသီ့ စကပ်လည်း ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။ အတွင်းခံ ၂ ခုလည်း ခနချင်းပင် အိပ်ယာပေါ်သို့ရောက် သွား၏။ ထို့နောက် ခုန ကောင်မလေးက အချောင်း ၅ ချောင်းပါသည် ဆိုသော ဗူးကို ကသော ကမျော ဖွင့် မိသည်။ လက်တုန်နေသောကြောင့် အားလုံး အိပ်ယာပေါ်ပြုတ်ကျကုန်သည်။ အစဉ်လိုက် စီထားတာလည်း ပျက်သွား၍ အိပ်ယာ ပေါ်တွင် ပြန်ချစီပြီး အသေးဆုံးကို ရွေးထုတ်လိုက်သည်။မှန်ပြင်ပေါ်က “ပလပ်စ်ရှာမုတ်” ကို ဖိလိုက်တော့ ထိုင်ခုံမှာ ငုတ်က လေး ထွက်လာသည်။ ချွေးစေးတွေနှင့် လက်ချော်နေသောကြောင့် ဟိုကောင်မလေး ပြောသလို ချပ် ကနဲ အသံမြည်ပြီး အံကျ သွားအောင် သုံးလေးကြိမ် ကြိုးစားလိုက်ရသည်။

ပြီးမှ တဖန် ရေဆေးဖို့ စိတ်ကူးရတာကြောင့် ကပျာကယာ ပြန်ဖြုတ်ပြီး ရေပြေးဆေးရသည်။ ရေလုံးဝ ခြောက်သွားအောင် တစ်သျှူးနှင့် သေသေချာချာ သုတ်ရ ပြန်သည်။ ကျးာအင်္ဂါ နှင့် တပုံစံတည်း တူအောင်လုပ်ထားသည့် အချောင်းလေးကို ပယ်ပယ်နယ်နယ် ကိုင်တွယ်ကာ ရေဆေး ရ၊ သုတ်ရ လုပ်နေရင်း ကေသီ့ရင်တွေ တဝုန်းဝုန်းခုန်နေသည်။ လည်ချောင်းတွေလည်း ခြောက်သွေ့အက်ကွဲလာသလို ခံ စားရသည်။ ဘာမှန်း မသိသည့် တစုံတရာကို အာသာငမ်းငမ်း လိုချင်စိတ်တွေလည်း ဖြစ်နေသည်။ အချောင်းကို နေရာတကျတပ်ပြီးတော့ လိုလိုမယ်မယ် ဂျယ် ခပ်များများ သုတ်လိုက်သည်။ ထို့နောက် ကောင်မလေး ပြော သည့် အတိုင်း နို့သီးထိပ်ဖျားမှာ စုပ်ခွက်တွေ တပ်လိုက်ပြီး ပင်ထိုးသည်။ ကေသီ ခေါင်းထဲမှာ မူးနေသည်။ ရင်သားထိပ် ဖျားက တင်းတင်းကျပ်ကျပ် ခံစားမှုက တကိုယ်လုံးကို ပျံ့ နှံနေသလို ပင်။ စက်ပေါ်ကိုတက်လိုက်တော့ ဒူးတွေ တုန်နေသည်။ ဘာမှလည်း မလုပ်ရသေးဘဲနှင့် လှိုက်လှိုက်ပြီးတော့ မောနေသည်။ အကြီးဆုံး အရွယ်အစားအနေဖြင့် လက်ခလယ်လောက်သာ ဝင်ဖူးသည့် အပေါက်ကလေးထဲသို့ ရာဘာချောင်းကို ထည့်ဖို့ ကေသီရုတ်တရက် စိတ်မှာမရဲပါ။ အသေးဆုံးဆိုပေမယ့် ကေသီ့လက်ခလယ်ထက်တော့ ဒီအချောင်းက များစွာကြီးနေ ပါသည်။

မရည်ရွယ်ပါဘဲနှင့် လက်က တွင်းဝဆီရောက်သွားတော့ မကြုံဖူးလောက်အောင် ရွှဲရွှဲစိုနေတာကို စမ်းလိုက်မိ သည်။ ခါတိုင်းဆိုရင် လက်နှင့် တော်တော်ကြာကြာလေး လုပ်ပြီးမှ ရောက်လာရမည့် အနေအထားမျိုး ဖြစ်ပါသည်။ သက်ပြင်းကြီးတခုကို လေးလေးပင်ပင် ချလိုက်ပြီးနောက် အသက်ကိုအောင့်၍ အဝတွင်တေ့ထားလိုက်ပြီး ကေသီဖိထိုင် ချ လိုက်သည်။ ကေသီ့ ညီမလေးက စူပါ အဆင့်ရောက်အောင်စိုရွှဲနေသည့် အပြင် ဂျယ်တွေလည်း တော်တော်များများ လိမ်း ထားလို့ ထင်သလောက်တော့ မနာပါ။ ဒါပေမယ့် တင်းကျပ်သည့် ခံစားမှုတခုက ဝမ်းဗိုက်မှသည် ရင်ခေါင်းအထိ ပေါင်တံ တွေ တလျှောက်မှသည် ဒူးအထိရောက်သွား၏။ ကေသီ့ ဒူးတွေ တဆတ်ဆတ်တုန်လာသည်။ ကေသီတခါမှ မကြားဖူး သည့် အသံတခုက ရင်ခေါင်းမှနေ၍ ခြောက်ကပ်နေသော လည်ချောင်းကို ဖြတ်သန်း ထွက်ကျလာ၏။ တင်ပါး ၂ ခုက ထိုင်ခုံနှင့် ထိသည့် အချိန်တွင် ကေသီ့ လက်တွေ တဆတ်ဆတ်တုန်လာသည်။ကိုယ်အောက်ပိုင်းမှာ ဖြစ်နေရသည့် ဝေဒနာနှင့် ရင်တွင်းက ခံစားမှုမျိုးကို တခါမှ မကြုံဖူး မတွေးကြည့်ဖူးတာ အမှန်ပင်ဖြစ်သည်။ ခံစားရခက် သည့် ဝေဒနာကနေ ရှောင်နိုင်ရန် စက်ပေါ်ကနေ ပြန်ဆင်းဖို့ ကေသီ မတွေးမိတော့ပါ။ အံကို တင်းတင်းကြိတ်လိုက်ရင်း ခြေနင်းတဖက်ကို နင်းချလိုက်မိသည်။ အတွင်းသားနုနုလေးတွေကိ ပွတ်တိုက်ပြီး အချောင်းကြီး ပြန်ထွက်သွားသော အခါ ကေသီ့ရင်ထဲမှာ တလှပ်လှပ်ဖြစ်သွား သည်။

ခြေနင်းတပတ်လည်၍ အချောင်းပြန်တက်လာချိန်တွင် တနင့်နင့် ခံစားမှုတခု ကြောင့် ကေသီ အသံထွက်ညည်း လိုက်မိသည်။ အားစိုက်၍ တပတ်ချင်း ခပ်ဖြေးဖြေးနင်းရင်း ကေသီငိုချင်လာသည်။ မျက်ရည်မကျပေမယ့် ရှိုက်မိသည်။ ညည်းမိသည်။ တဖြည်းဖြည်းနှင့် မြန်မြန်လေး နင်းမိသည်ကိုလည်း သတိမမူမိတော့ပါ။ အခန်းကျဉ်းလေးထဲမှာ ကေ သီ့ ညီးသံ ရှိုက်သံတွေ နှင့် တစထက်တစ ပိုဆူလာသည်။ လက်ကိုင်ကို ကေသီတင်းတင်း ဆုပ်ထား၏။ အချောင်း မြင့်တက်လာသည့် အချိန်တွင် လူပါ အပေါ်ကို မြောက်တက် မသွားအောင် သူ၏ တင်ပါးတွေက ထိုင်ခုံနှင့် ထိပြီး ပြားကပ်သွားသည်အထိ အပေါ်ကနေဖိထားမိသည်။ ကေသီအရမ်း မောပါသည်။ဒါပေမယ့် နင်းနေတာကို ရပ်ဖို့ ခေါင်းထဲ မရောက်ပါ။ ခြေနင်းကို တပတ်ပြီးတပတ်လည်အောင် ဆက်ခါ ဆက်ခါ နင်းနေဖို့ပဲ သိသည်။ အတွင်းသားတွေက နာသည်။ ဒါပေမယ့် မခံမရပ်နိုင်လောက်အောင် နာကျင်ခြင်းမျိုးမဟုတ်။ နင့်ကနဲနင့်ကနဲ ခံစားမှုက ကေသီ့တကိုယ်လုံးကို တဆတ်ဆတ်တုန်ခါစေ၏။ လေပွေလှိုင်းတခုကို စီးမိနေသလို ကေသီ့ စိတ်က နိမ့်လိုက် မြင့်လိုက် တရစ်ရစ်နှင့်လည်နေသည်။ ပေါင်ကြားထဲက ဘယ်လိုမှန်း မသိသည့် ခံစားမှုက သွေးကြောတွေ အတိုင်း တကိုယ်လုံသို့ ပျံ့နှံ့ စီးဆင်းနေသည်ဟု ထင်သည်။ အသက် ကို ပင်ပန်းကြီးစွာ ရှူရင်း ထိုခံစားမှုနောက် သို့လိုက်နေမိသည်။

ထိုအရာကို အမိအရဖမ်းလိုက်နိုင်ရင် ကေသီ့အတွက် တခု ခု ရတော့မလို အသိမျိုးဖြင့် လိုက်ဖမ်းမိသည်။ ရင်သားထိပ်ဖျားက တင်းကျပ်မှုကလည်း ကေသီ့ကို မွတ်သိပ်မှုတခု ပေး နေသည်။ ပါးစပ်က ဘာသံတွေ ထွက်ပြီး ဘာတွေ ပြောနေမိမှန်းလည်း ကေသီ မသိပါ။ ထို့နောက် လှိုက်ကနဲလှိုက်ကနဲ ခံစားမှုတခု ကတကိုယ်လုံးသို့ လှိုင်းဂယက်လို ပျံ့ နှံ့သွားသည်။ တကြိမ်တည်းတဟုတ်။ ရေပြင်သို့ ခဲပစ်ချလိုက်သော လှိုင်းဂယက်များ တလိမ့်လိမ့် ပြန့်ကားသွားသလို တလိပ်လိပ် နှင့် ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ခြေနင်းကို တပတ်ပြီး တပတ်နင်းနေသော ခြေ ထောက်တွေက အလိုလို ရပ်တန့်သွားရ၏။ မျက်လုံးတွေ မှေးစင်းကျသွားပြီး နှုတ်ခမ်းနှင့် မေးရိုးတွေက တဖက်ဖက်ကို စောင်းရွဲ့သွားလို ခံစားလိုက်ရသည်။ ကြီးမားရှည်လျားသော ညည်းသံတခု ပြုလိုက်မိရင်း လက်ကိုင်ပေါ်သို့ ကေသီမှောက်ကျသွားသည်။ မောပန်းခြင်း၊ နွမ်းလျ ခြင်း ထို့နောက် အဲဒါတွေ နောက်ကွယ်က ဘာမှန်းမသိသော ပြည့်စုံမှုတခု။ ကေသီ့ တကိုယ်လုံးမှာ အားအင်တွေ အကုန် ပျောက်ဆုံးကုန်သည်။ “ကွန်ဂရက်ကျူလေး ရှင်း ကေသီ၊ စတင်ပြီး ၇မိနစ်နဲ့ ၄၃ စက္ကန့်မှာ အထွဋ် အထိပ်ကို ရခဲ့ပါတယ်။ ပျမ်းမျှ အရှိန် တနာရီကို ၁၄ ဒဿမ ၅ ကီလိုမီတာ ဖြစ်ပြီးတော့ ကယ်လိုရီ ၄၀ လောင်ကျွမ်းခဲ့ပါတယ်။” အင်္ဂလိပ်ဘာသာဖြင့် စက်က ပြောလာသည့် အသံက ဟိုအဝေးကြီးမှ လာနေသလိုလိုပင်……ပြီး။



Leave a Reply

Your email address will not be published. Required fields are marked *